SJ WorldNews - шаблон joomla Авто

ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာ အဝင်လမ်းမပေါ်၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Thursday, 16 May 2019 10:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည်  ကွတ်ခိုင်မြို့၏ အရှေ့တောင်ဘက် မီတာ ၃၅ဝဝ ခန့်အကွာရှိ ခိုလုံကျေးရွာ အဝင်လမ်းမပေါ်၌ သတင်းအရ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် မေ ၁၄ ရက် ည ၆ နာရီခန့်တွင် လွယ်ခန်ကျေးရွာဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာသော YIN XINAG-125  မော်တော်ဆိုင်ကယ် တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ ဒခွမ်အွမ်းဆားရ်အား ၎င်းလွယ်ထားသော ကျောပိုးအိတ်အတွင်းမှ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၇ဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၇ဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ကွတ်ခိုင်မြို့မ ရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 32 times Last modified on Thursday, 16 May 2019 10:05