SJ WorldNews - шаблон joomla Авто

နွားများ တင်ဆောင်လာသည့်ယာဉ် ဘရိတ်ပေါက်ပြီး လမ်းဘေးမြောင်း အတွင်း ထိုးကျတိမ်းမှောက်

Thursday, 16 May 2019 12:16 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့အထွက် မန္တလေး-လားရှိုးသွား ပြည်ထောင်စု လမ်းမကြီး ဂုတ်တွင်းလမ်းပိုင်း၌ မေ ၁၄ ရက်က နွားများ တင်ဆောင်လာသည့်  ၁၂ ဘီးယာဉ်တစ်စီးမှာ  ဘရိတ်ပေါက်ပြီး လမ်းဘေးမြောင်း အတွင်းသို့   ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နောင်ချိုမြို့အထွက် မန္တလေး-လားရှိုးသွား ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းလမ်းပိုင်း မိုင်တိုင် (၇၉/၄)အနီး အမှတ်(၁)ကွေ့တွင် ပေါက်မြို့မှ မူဆယ်မြို့သို့ KC Hein Htet Co.,Ltd.မှ တာဝန်ခံ ဦးစိုင်းလတ်မျိုး ဦးစီးမောင်းနှင်လာသော နွားတင်ယာဉ်ငါးစီးအနက် မန္တလေးတိုင်းဒေသကြီး  ပြည်ကြီးတံခွန်မြို့နယ်နေသူ   ထွန်းသိန်း

မောင်းနှင်ပြီး နွားထိန်း အောင်မင်းထွန်းနှင့် ဦးကံဦးမောင် တို့လိုက်ပါပြီး   နွားကောင်ရေ ၂ဝ တင်ဆောင်လာသည့် ၁၂ ဘီးယာဉ် အမှတ် YGN/BH---သည် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ခြမ်း အနက် ၆ ပေခန့်ရှိ မြောင်းအတွင်းသို့  ထိုးကျတိမ်းမှောက်ခဲ့သည်။

တိမ်းမှောက်မှုကြောင့် အောင်မင်းထွန်းမှာ ဒဏ်ရာများ ရရှိခဲ့သဖြင့်  နောင်ချိုပြည်သူ့ ဆေးရုံတွင်    ဆေးကုသမှု ခံယူလျက်ရှိပြီး တင်ဆောင်လာသည့် နွားအကောင် ၂ဝ အနက် ၁၂ ကောင်မှာ သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ထွန်းသိန်းအား နောင်ချိုမြို့မ ရဲစခန်းက ယာဉ်(ပ)၄ဝ/၂ဝ၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။ 

Read 28 times Last modified on Thursday, 16 May 2019 12:17