Print this page

ကုန်းဆင်းတွင် ရပ်တန့်ထားသည့် ယာဉ်လိမ့်ဆင်းကာ ယာဉ်မောင်းအား တိုက်မိသေဆုံး

Thursday, 16 May 2019 12:22 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စက်ပျက်၍ပြင်ဆင်ရန်  ကုန်းဆင်းတွင် ရပ်တန့်ထားသည့် မြေသယ်ယာဉ်မှာ ကုန်းဆင်းအတိုင်း လိမ့်ဆင်းပြီး ယာဉ်မောင်းနှင့် ကုမ္ပဏီ လုပ်သားတစ်ဦးတို့အား တိုက်မိပြီး ယာဉ်မောင်း သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် အေးမြသာယာ ကျေးရွာအုပ်စုရှိ ငွေစည်ဟိန်း ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီတွင်   ညဆိုင်းအလုပ် လုပ်ကိုင်နေကြစဉ်  အဆိုပါ ကုမ္ပဏီယာဉ်မောင်း စိုးငွေ(ခ)ငွေခဲမောင်းနှင်သည့် မြေသယ်ယာဉ်မှာ စက်ချွတ်ယွင်းသဖြင့်  ပြင်ဆင်ရန် ကုန်းအဆင်းတွင် ခေတ္တရပ်တန့်ထားပြီး ယာဉ်မောင်း စိုးငွေ(ခ)ငွေခဲမှာ  ကုမ္ပဏီ လုပ်သား သန်းထွန်းအောင်နှင့် အတူ ထိုင်နေစဉ် မြေသယ်ယာဉ်မှာ  ကုန်းဆင်းအတိုင်း လိမ့်ဆင်းလာပြီး ၎င်းတို့နှစ်ဦးအား တိုက်မိရာ ယာဉ်မောင်း စိုးငွေ(ခ)ငွေခဲမှာ နေရာတွင် သေဆုံးသွားခဲ့ပြီး ကုမ္ပဏီလုပ်သား သန်းထွန်းအောင်မှာ   ညာပေါင်ရိုးကျိုး ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍   ဖားကန့်မြို့မ ရဲစခန်းက  ယာဉ်(ပ)၁၁/၂ဝ၁၉၊  ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈ ဖြင့်  အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 36 times Last modified on Thursday, 16 May 2019 12:23