SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ်တစ်စီး မြစ်ကူးဇက်ရေယာဉ်ပေါ်သို့ တက်စဉ် ရေယာဉ် ခြေနင်းပြားထိန်း ကြိုးပြတ်သဖြင့် ရေနစ်မြုပ်မှု ဖြစ်ပွား

Thursday, 16 May 2019 12:27 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာ၌ မေ ၁၄ ရက် နံနက် ၉ နာရီခွဲက မော်တော်ယာဉ် တစ်စီး  ရွှေလောင်းမြစ်ကူး ဇက်ရေယာဉ်ပေါ်သို့ တက်စဉ် ရေယာဉ်ခြေနင်းပြားထိန်း ကြိုးပြတ်သဖြင့် ရေနစ်မြုပ်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေလောင်းကျေးရွာ ဇက်ဆိပ်ကမ်းတွင် ရွှေလောင်းတံတား ဆောက်လုပ်ရေး အထူးအဖွဲ့(၁၅) မှ ငှားရမ်းထားသည့် ယာဉ်အမှတ် 9J / ------ JAC အမျိုးအစား ခဲ/အဖြူရောင်ယာဉ်တန်ချိန် ၁၄  တန် ကွန်ကရစ်ဖျော်ရည်များ တင်ဆောင်ထားသည့် မော်တော်ယာဉ်မှာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန မန္တလေးမြို့ဌာနခွဲပိုင် ရေနဂါး (၂) ဇက်ရေယာဉ်ပေါ်သို့ တက်စဉ် ဇက်ရေယာဉ်၏ ရှေ့ခြေနင်းပြား ထိန်းကြိုးများ ပြတ်သွားခဲ့ပြီး   ဇက်ရေယာဉ်မှာ မြစ်ဘက်သို့ ကန်ထွက်သွားသဖြင့် နောက်သို့ လျှောကျ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ နစ်မြုပ်ခဲ့သည့် ယာဉ်နှင့်အတူ လှိုင်သာယာမြို့နယ်နေသူ  ယာဉ်မောင်း ကိုကယားကြီး(ခ)ကိုဝင်းအောင်  ပျောက်ဆုံးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် တာဝန်ရှိသူများက  နစ်မြုပ်ပျောက်ဆုံးခဲ့သည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းအား ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ပြန်လည်တွေ့ရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍  ဇက်ရေယာဉ်မှ ရေယာဉ်အုပ်/ရေယာဉ်မောင်း ကျော်စန်းအား ရွှေလောင်းနယ်မြေ ရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း   သိရသည်။   

Read 12 times Last modified on Thursday, 16 May 2019 12:28