SJ WorldNews - шаблон joomla Авто

ချမ်းမြသာစည်မြို့နယ်၊ ချမ်းတောင်ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွား

Friday, 24 May 2019 17:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းတောင်ရပ်ကွက်၊ အကွက်အမှတ် (၈၈၃)နေ ဦးမျိုးနိုင်(ဘ) ဦးတက်ပု၏နေအိမ်၌ ယနေ့နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ဝါယာရှော့ခ် ဖြစ်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ် ၇ဝ စီး၊ ရေသယ်ယာဉ်နှစ်စီး တို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ သွပ်မိုး၊ ထရံကာ မြေစိုက်တစ်ထပ် လူနေအိမ် ၁၃ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ ဦးမျိုးနိုင်အား ချမ်းမြသာစည်မြို့နယ် ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

Read 24 times Last modified on Friday, 24 May 2019 17:06