SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

၁၂ ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးချောက် အတွင်းထိုးကျ တစ်ဦးသေဆုံး

Sunday, 26 May 2019 15:03 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်း ဒေသကြီး တန့်ဆည်မြို့နယ် တောဂျင်ကျေးရွာအနီး ရေဦး-ကလေးဝ ကားလမ်း မိုင်တိုင်အမှတ်(၄၇/၆)၌  မေ ၂၄ ရက် နံနက် ၅ နာရီ ၁၅ မိနစ်က ကွမ်းသီးအိတ်များ  တင်ဆောင်မောင်းနှင်လာသော ၁၂ ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးချောက် အတွင်းသို့  ထိုးကျတိမ်းမှောက်သွားခဲ့ရာ ယာဉ်နောက်လိုက်မှာ နေရာတွင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တန့်ဆည်မြို့နယ် တောဂျင်ကျေးရွာအနီး ရေဦး-ကလေးဝကားလမ်း  မိုင်တိုင်အမှတ် (၄၇/၆)၌ ကလေးဝမြို့နေသူ စောမြင့်သိန်း(ခ)မောင်ကြီး  မောင်းနှင်ပြီး  ကလေးဝမြို့နယ် မထုကျေးရွာနေသူ စောမင်းထွန်းလိုက်ပါသည့် NISSAN ၁၂ ဘီးယာဉ် အမှတ် 4G/---- သည် မုံရွာမြို့မှ ကလေးဝမြို့သို့ ကွမ်းသီးအိတ်များ တင်ဆောင်မောင်းနှင်လာစဉ် ဘရိတ်ပေါက်၍ လမ်းဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ရာ စောမင်းထွန်းမှာ နေရာတွင် သေဆုံးသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စောမြင့်သိန်းအား ကံထူးမနယ်မြေရဲစခန်းက ယာဉ်(ပ)အမှတ် ၅/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-က အရ အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

Read 33 times Last modified on Sunday, 26 May 2019 15:03