Print this page

မော်တော်ယာဉ်မောင်းနှင်လာသူထံမှ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

Sunday, 26 May 2019 15:03 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး မြို့နယ် ပလီလင်းကျေးရွာ ထာဝရဓမ္မရိပ်သာ စာသင်တိုက်အနီး၌ မေ ၂၄ ရက် ည ၇ နာရီက မော်တော်ယာဉ်မောင်းနှင်လာသူ၏ လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီး မှ ရဲအုပ် ရဲထွန်းအောင်ဦးစီး အဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ တောင်ကြီးမြို့နယ် ပလီလင်းကျေးရွာ ထာဝရဓမ္မရိပ်သာ စာသင်တိုက်အနီး ပလီလင်း-အေးသာယာလမ်း၌ ပလီလင်းဘက်မှ အေးသာယာဘက်သို့ ယာဉ်မောင်း မောင်လေး(ခ)စိုင်းနောင့်အွမ် မောင်းနှင်လာသော YGN 9C/--- MARK II အမျိုးအစားအဖြူ ရောင်မော်တော်ယာဉ်အား  ရပ်တန့်ရှာဖွေ စစ်ဆေးရာ မောင်လေး(ခ)စိုင်းနောင့်အွမ်မှာ ထွက်ပြေးသွားသဖြင့်   ဝိုင်းဝန်းဖမ်းဆီးပြီး မောင်လေး(ခ)စိုင်းနောင့်အွမ်၏ခန္ဓာကိုယ် အားရှာဖွေရာ ၎င်းလွယ်ထားသည့် အဝါရောင်ဘေးလွယ်အိတ်အတွင်း   ပဲနို့ဘူးခွံ အတွင်းထည့်လျက် အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်တစ်အိတ်လျှင် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂ဝဝ ပြားစီပါ ငါးထုပ် စုစုပေါင်းဆေးပြား ၁ဝဝဝ ကာလ တန်ဖိုးငွေကျပ် ၂ဝဝဝဝဝ ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ရှိသူ မောင်လေး(ခ)စိုင်း နောင့်အွမ်အား တောင်ကြီးနယ်မြေ ရဲစခန်းက မယ(ပ)၅၃/၂ဝ၁၉၊ မူး/စိတ် ပုဒ်မ ၁၉(က) အရ   အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ကြောင်း သိရသည်။

Read 35 times Last modified on Sunday, 26 May 2019 15:04