SJ WorldNews - шаблон joomla Авто

လွိုင်ကော်-ပွန်ချောင်း-ရှားတောလမ်း၌ မော်တော်ယာဉ်တစ်စီး ချောက်ထဲထိုးကျ ယာဉ်မောင်းသေဆုံး သုံးဦးဒဏ်ရာရ

Sunday, 26 May 2019 15:05 font size decrease font size decrease font size increase font size increase font size

ကယားပြည်နယ် ရှားတောမြို့နယ် လွိုင် ကော်-ပွန်ချောင်း-ရှားတောလမ်း၌ မေ ၂၄ ရက် မွန်းလွဲ ၂ နာရီက မော်တော်ယာဉ် တစ်စီးတိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံး ပြီး သုံးဦးဒဏ်ရာ ရရှိမှု ဖြစ်ပွားကြောင်း သိရ သည်။

ဖြစ်စဉ်မှာ လွိုင်ကော်-ပွန်ချောင်း-ရှား တောလမ်းအတိုင်း ဦးနဲရယ်မောင်းနှင်ပြီး ဦးဟန်မြတ်သူ၊ ဂျင်းမီ(ခ)စတီဗင်နှင့် ဦးဘဲ ရယ်တို့လိုက်ပါလာသည့် YGN 6H/----TOYOTA ခဲရောင်မော်တော်ယာဉ်မှာ ဘေလီတံတားအပေါ် ကွေ့ အတက်ကွေ့အား ကွေ့တက်စဉ် ဂီယာပြုတ်၍ ကားနောက်ပြန်လိမ့်ကာ လမ်း၏ဝဲဘက် ပေ ၁ဝဝ အနက်ရှိ ချောက်ထဲသို့ ပြုတ်ကျတိမ်းမှောက်ရာ ယာဉ်မောင်းဦးနဲရယ်မှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး   ယာဉ်ပေါ် လိုက်ပါလာသော ဦးဟန်မြတ်သူ၊ ဂျင်းမီ(ခ)စတီဗင်နှင့် ဦးဘဲရယ်တို့မှာ ဒဏ်ရာများ ရရှိသဖြင့်  ရှားတောမြို့နယ် ပြည်သူ့ဆေးရုံတွင်  ဆေးကုသမှု ခံယူလျက်ရှိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍  ဦးနဲရယ်အား ရှားတောမြို့မ ရဲစခန်းက မော်တော်ယာဉ်ပေါ့လျော့စွာ မောင်းနှင်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။    ထွန်းအောင်

Read 23 times Last modified on Sunday, 26 May 2019 15:06