SJ WorldNews - шаблон joomla Авто

အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ် နှစ်ဦးသေဆုံး

Monday, 27 May 2019 09:45 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၅၈/၅) အနီး၌ မေ ၂၆ ရက် နံနက် ၃ နာရီ မိနစ် ၄ဝ တွင် ယာဉ်တိုက်မှုဖြစ်ပွားကာ နှစ်ဦးသေဆုံးပြီး သံဃာတော်တစ်ပါးနှင့် လူခုနစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေပြည်တော်မှ မန္တလေးဘက်သို့ ယာဉ်မောင်းသန်းထွန်းနိုင် ၄၇ နှစ် မောင်းနှင်သော ယာဉ်အမှတ် YGN 8M/---- Light Truck အဖြူရောင်ယာဉ်အား လားရာတူမှ ယာဉ်မောင်းမင်းဟိန်းထွဋ် ၂၄ နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် YGN6M/----- SCANIA အဖြူရောင်ခရီးသည် တင်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်မိခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်ပေါ်မှ ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ Light Truck ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး ယာဉ်မောင်း အပါအဝင် လူခုနစ်ဦးနှင့် သံဃာတော် တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းမင်းဟိန်းထွဋ်အား ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းက ယာဉ်(ပ)၁၉/၂ဝ၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/၃၃၈/၃ဝ၄-ကဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)

Read 31 times Last modified on Monday, 27 May 2019 09:46