SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဒိုင်နမို အပူလွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်ပွား

Monday, 27 May 2019 09:46 font size decrease font size decrease font size increase font size increase font size

မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် တောင်ဝိုင်းရပ် မဟာစည်သာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းဝင်း အတွင်း၌ မေ ၂၆ ရက်နံနက် ၅ နာရီခွဲတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်တောင်ဝိုင်းရပ် မဟာစည်သာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းဝင်းအတွင်း အလျား ၃၅ ပေ၊ အနံ ၁ဝ ပေရှိ သွပ်မိုးအုတ်ကာ မီးစက်ထားသည့် အဆောက်အအုံ နှစ်ထပ်ဆောင်၌ ကျောင်းဒါယကာဖြစ်သူ ဦးထွန်းနိုင် ၅၆ နှစ်သည် လျှပ်စစ်မီးပျက်၍ မီးစက်နှိုးရာမှ ဒိုင်နမို အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းရာသို့ မော်လမြိုင်ခရိုင် မီးသတ်ဦးစီးမှူး ဦးရဲအောင်၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးညွန့်လှိုင်၊ မုပွန်နယ်မြေရဲစခန်းမှူး ဒုတိယရဲမှူးသန့်ဇင် ဦးစီးတပ်ဖွဲ့ဝင်များ၊ ဈေးကြိုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်နှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ မီးသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ် လေးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ နံနက် ၆ နာရီတွင် မီးငြိမ်းသွားသည်။

မီးလောင်မှုကြောင့် မီးစက်အဆောက်အအုံနှင့် မီးစက်နှစ်လုံး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၃ဝ ခန့်ပျက်စီးဆုံးရှုံးသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ ဦးထွန်းနိုင်အား မုပွန်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 76 times Last modified on Monday, 27 May 2019 09:46