နေပြည်တော် ဇွန် ၎
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့အထွက် OHC တိုးဂိတ်အနီး၌ယနေ့နံနက် ၇ နာရီခန့်တွင် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်စဉ် ကွတ်ခိုင်ဘက်မှ လားရှိုးဘက်သို့ လွင်မျိုးအောင်(ဘ)ဦးမြင့်လွင် မောင်းနှင်လာသည့် YGN 3E/---- တိုယိုတာ (လင်ခရူဇာ)အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅ဝဝဝဝ ပြား (မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၃၇ဝဝဝ ကျော်ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူအား လားရှိုးမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။