နေပြည်တော် ဇွန် ၎
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မံသာကျေးရွာနှင့် သံတံတားကျေးရွာအကြား သံတံတားကျေးရွာ၏မြောက်ဘက် ၂ မိုင်ခွဲခန့် အကွာနေရာ၌ ဇွန် ၃ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် သံတံတားဘက်မှ မံသာဘက်သို့ ချစ်စန်းမောင်(ဘ)ဦးထွန်းဝင်း မောင်းနှင်လာသည့် TANDA-125 အမျိုးအစား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်အတွင်းဝှက်၍ သယ်ဆောင်လာသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၉ဝဝ ပြား(မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ် ၅၈သိန်းခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူအား ဗန်းမော်မြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။