SJ WorldNews - шаблон joomla Авто

ရေးမြို့နယ်အတွင်း လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Monday, 10 June 2019 15:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၉

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၅ ရက် နံနက်ပိုင်းတွင် ရေးမြို့နယ်၊ အဘော်ကျေးရွာ၏ အနောက်လမ်းမ၌ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် အဘော်ကျေးရွာဘက်မှ အောင်လှဝင်း(ဘ)ဦးခင်မောင် မောင်းနှင်လာသည့် 2D/----- ပါဂျဲရိုး အမျိုးအစားလိုင်စင်မဲ့ မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏ အမိုးမျက်နှာကြက်အတွင်း အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်လျက် ဝှက်၍သယ်ဆောင်လာသော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၅ဝ ပြား(မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၁၈ ကျော်ခန့်)၊ ပစ္စတိုသေနတ်(Y-2716) တစ်လက်၊ ၎င်းကျည်ခုနစ်တောင့်၊ ကျည်အိမ်တစ်ခု၊ အရိုး ၆ လက်မ၊ အသွား ၁၄ လက်မခန့်ရှိ ဓားတစ်လက်နှင့် မြန်မာငွေ ရှစ်သိန်းကျော်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ရေးမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Read 13 times Last modified on Monday, 10 June 2019 15:14