SJ WorldNews - шаблон joomla Авто

ကွတ်ခိုင်မြို့နယ်အတွင်း တရားမဝင်ကျောက်စိမ်းတုံးများဖမ်းဆီးရမိ

Tuesday, 11 June 2019 12:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့အထွက် OHC တိုးဂိတ်၌ ဇွန်၉ ရက် ည ၆ နာရီခွဲခန့်တွင် ရှောင်တခင် စစ်ဆေးမှုများဆောင်ရွက်စဉ် လားရှိုးမြို့ဘက်မှ ဖြိုးကိုကို(ဘ)ဦးအောင်နိုင် မောင်းနှင်လာသော TOYOTA CELSLOR အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY 7H/----- မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်တင်ဆောင်လာသော ကျောက်စိမ်းတုံးဆိုဒ်စုံ ၇ဝ၇ တုံး(ခန့်မှန်း ၉ဝ၉ ကီလိုဂရမ်ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူ၊ မော်တော်ယာဉ်နှင့် တရားမဝင်ကျောက်စိမ်းတုံးများအား ကွတ်ခိုင်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 27 times Last modified on Tuesday, 11 June 2019 12:04