SJ WorldNews - шаблон joomla Авто

ငွေကျပ်သိန်း ၁၁ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Tuesday, 11 June 2019 12:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁ဝ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်ကျောက်ချော ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယာဉ် ဝင်/ထွက်မှုများအား စစ်ဆေးစဉ် ဇွန် ၉ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် မူဆယ်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ဦးလှမြင့်မောင်းနှင်လာသည့် Power 5 အဆင့်မြင့်ခရီးသည်တင်မှန်လုံယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ လထော်ဂွန်မန်ဒူ (ဘ) ဦးဇော်ပါနှင့် ၎င်း၏ဇနီးဖြစ်သူ မဂျာဆိုင်းကိုင်(ဘ) ဦးဆိုင်းနော်တို့ နှစ်ဦးသယ်ဆောင်လာသော ကလေးစီးဘက်ထရီ ကားအတွင်းမှ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉ဝဝဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၉ဝဝ ကျော်)၊ ဘိန်းဖြူဆပ်ပြာ ခွက် ၃၃ ခွက်၊ ၃၃ဝ ဂရမ်(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၂၃ဝ ကျော်) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူများအား အုန်းချောနယ်မြေ ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 14 times Last modified on Tuesday, 11 June 2019 12:22