SJ WorldNews - шаблон joomla Авто

လောက်ကိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Tuesday, 11 June 2019 12:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁ဝ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ဇွန် ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကြာစီရှူးကျေးရွာနေ ကျောက်လော်ဖာ(ဘ)ဦးကျောက်ကျွမ်းကျင်၏ နေအိမ်အား သွားရောက်ရှာဖွေရာ နေအိမ်အတွင်း ခုတင်အောက်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ဝဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁ သိန်း) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများအား တာရွှေထန်ရဲစခန်းသို့ ပို့ဆောင်အပ်နှံရန် ထွက်ခွာလာရာ မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ ခန့်တွင် ကြာစီရှူးကျေးရွာ၏ အရှေ့ဘက် မီတာ ၁ဝဝဝ အကွာသို့အရောက်၌ တောင်ယာ တဲဟောင်းတစ်လုံး တွေ့ရှိသဖြင့် ဝင်ရောက်စစ်ဆေးရာ တဲအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇ဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅ သိန်းကျော်)အား ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူအား တာရွှေထန်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 16 times Last modified on Tuesday, 11 June 2019 12:30