SJ WorldNews - шаблон joomla Авто

လွယ်ဂျယ်မြို့အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Tuesday, 11 June 2019 12:30 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇွန် ၉ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် အောင်မင်္ဂလာရပ်ကွက်၊ နယ်စပ်ဝင်/ထွက်အမှတ်(၂)ဂိတ် အနီးရှိ လွယ်ဂျယ်-မံကောင်းကျေးရွာ သွားကားလမ်း၌ သတင်းအရ စောင့်ဆိုင်းနေစဉ် နမ့်ခမ်းမြို့ဘက်မှ လွယ်ဂျယ်မြို့ဘက်သို့ ယာဉ်မောင်း လဆန်း(ဘ)ဦးဘရန်ချောင် မောင်းနှင်ပြီး နော်ထွယ်(ဘ) ဦးလရှီးဂမ်တို့ စီးနင်းလိုက်ပါလာသည့် အိုင်ပီဆန်အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY 1L/----  မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ၎င်းယာဉ်၏ ဘယ်ဘက်ခြေနင်းနှင့် ညာဘက်ခြေ နင်းဖောင်းလိုင်း အံဝှက်အတွင်းတို့မှ ဘိန်းဖြူ ၁၂၂ဝ ဂရမ်ခန့်နှင့် စိတ်ကြွရူးသွပ်ဆေးပြား၅၇ဝဝ ပြား(စုစုပေါင်း မူးယစ်ဆေးဝါးခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၁၃ဝဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်နှင့် ဖမ်းဆီးရမိသူများအား လွယ်ဂျယ်နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

Read 37 times Last modified on Tuesday, 11 June 2019 12:31