SJ WorldNews - шаблон joomla Авто

နောင်ချိုမြို့နယ် အတွင်း၌ ငွေကျပ်သိန်းပေါင်း ၈ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Wednesday, 12 June 2019 09:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီခွဲ ခန့်တွင် သဲခေါင်ကျေးရွာ၏ အရှေ့ဘက် မီတာ၂ဝဝ အကွာသို့အရောက်၌ ဟိုဖိုကျေးရွာဘက်မှ ပန်ဘုရား ကျေးရွာဘက်သို့ မောင်းနှင်လာသည့် Tricker အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ ဟွာမိုင်း ဖေ(ဘ)ဦးစိုင်းကျော်အေးအား WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၁ဝဝဝ ပြား(ခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၈ဝဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူများအား  ဒိုးပင်ရဲစခန်းသို့ အပ်နှံ၍ တရားဥပဒေနှင့်အညီ   အရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 18 times Last modified on Wednesday, 12 June 2019 09:13