SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Wednesday, 12 June 2019 09:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၁

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်အနီး  နတ်မြစ်အတွင်း  လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်  ယနေ့နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် မောင်တောမြို့၏ အနောက်မြောက်ဘက်   ၁၆ မိုင်ခန့်အကွာရှိ   ဇီးပင်ချောင်း အနီးသို့ အရောက်၌ မသင်္ကာဖွယ် လှေတစ်စင်းအား ရပ်တန့်စစ်ဆေးရာ အလျား ၁၅ ပေ၊ အနံ ၃ ပေ၊ ရေစူး ဒသမ ၅ ပေခန့်ရှိ လက်ခတ်လှေ တစ်စင်းပေါ်မှ   ဂျဟတ်တူဆောင်း (ဘ) ရော်ရှီတာမောက်နှင့် ဂျဘူရာမန်(ဘ) မာမောက်ဟူဆန်တို့ နှစ်ဦးအား WY  စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၉၅ဝဝ ပြား  (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၄၅ဝဝ ကျော်)နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ  မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူများအား   မောင်တောမြို့မ ရဲစခန်းသို့အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 27 times Last modified on Wednesday, 12 June 2019 09:18