SJ WorldNews - шаблон joomla Авто

လမ်း၌ရပ်နားထားသည့် ဓာတ်တိုင်များ တင်ဆောင်ထားသော ၁ဝ ဘီးယာဉ်အား ဆရာဝန်တစ်ဦး မောင်းနှင်လာသည့်ယာဉ်က တိုက်မိသဖြင့် သုံးဦးသေဆုံး သုံးဦး ဒဏ်ရာရ

Wednesday, 12 June 2019 09:24 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံ-ကျိုက်လတ်-မအူပင်ကားလမ်း ဖျာပုံမြို့ အမှတ်(၁၆) ရပ်ကွက်ဘက်ခြမ်း   ချောင်းတွင်း တံတားခြေဆင်း၌ ဇွန်  ၁၁  ရက်  နံနက်  ၃ နာရီတွင် လမ်း၌ရပ်ထားသည့် ၁ဝ ဘီးယာဉ်နှင့် ဆရာဝန်တစ်ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်တို့   တိုက်မိမှုဖြစ်ပွားပြီး ဆရာဝန်သုံးဦး သေဆုံးကာ သုံးဦးဒဏ်ရာ ရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖျာပုံ-ကျိုက်လတ်-မအူပင် ကားလမ်းပေါ်ရှိ ဖျာပုံမြို့အမှတ်(၁၆) ရပ်ကွက်ဘက်ခြမ်း ချောင်းတွင်းတံတား ခြေဆင်းကွေ့၌  ဓာတ်တိုင်များ တင်ထားပြီး ညအချိန် ယာဉ်မရပ်ရနေရာတွင် ရောင်ပြန်ပြား အချက်ပြမီးများ ပြသထားခြင်း မရှိဘဲ ရပ်ထားသည့် ၁ဝ ဘီးယာဉ်  ယာဉ်အမှတ် YGN 9H/------ အား  ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက် မောင်းနှင်ပြီး ဆရာဝန်များ စီးနင်းလိုက်ပါလာသော YGN 6K/------  ယာဉ်က ဝင်တိုက်မိရာ ကွန်ကရစ်ဓာတ်တိုင်များမှာ  ကားနောက်မှန်အထိ  ထိုးဝင်သွားခဲ့ခြင်းကြောင့်  ယာဉ်မောင်းဒေါက်တာ ဝေယံမျိုးထက်၊ ဒေါက်တာအေးမြတ်သူနှင့် ဒေါက်တာပန်ဂျာထွယ်တို့ သုံးဦးသည် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

ယာဉ်ပေါ်တွင် အတူစီးနင်း လိုက်ပါလာသော ဒေါက်တာနေမျိုးစုတွင် ယာပါးပွန်းခြစ် ပေါက်ပြဲဒဏ်ရာ၊ ဒေါက်တာလှမျိုးသူတွင် ဝဲတံတောင်ဆစ်ပွန်းခြစ်ဒဏ်ရာ၊ ဒေါက်တာနှင်းအိစိုးတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ဒဏ်ရာ၊ ယာမျက်ခုံးပေါက်ပြဲဒဏ်ရာများ ရရှိသဖြင့်  ဖျာပုံဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဒေါက်တာဝေယံမျိုးထက် နှင့် လမ်း၌ ရောင်ပြန်ပြား အချက်ပြမီးများ ပြသထားခြင်းမရှိဘဲ ယာဉ်ရပ်နားသူ ၁ဝ  ဘီးယာဉ်မောင်း ဝဏ္ဏအား ဖျာပုံမြို့မရဲစခန်းက ယာဉ်(ပ)၃၆/၂ဝ၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ  ၃ဝ၄-က/၃၃၇ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်ထားကြောင်း သိရသည်။     

Read 13 times Last modified on Wednesday, 12 June 2019 09:25