SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Wednesday, 12 June 2019 09:27 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်း ဒေသကြီး ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက် မီးသတ်ရုံလမ်းရှိ နေအိမ်၌ မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေကြောင်း သတင်းအရ ဇွန် ၁ဝ ရက်ညနေ ၄ နာရီကဝင်ရောက် ရှာဖွေရာ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝါးခယ်မမြို့နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ်တူးကိုကို ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် သက်သေများ လိုက်ပါလျက် အောင်သူ (ခ) အောင်ကို၏  နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ရေကျော်ရပ်ကွက်နေ ခိုင်ဇော်အောင်ကို တွေ့ရှိရပြီး  ဆက်လက်ရှာဖွေရာ နေအိမ်အတွင်း WY စာတန်းပါ စိတ်ကြွဆေးပြား ၇၃ ပြားနှင့် ဆက်စပ်ပစ္စည်းများ၊ ငွေစက္ကူရောရာ ငွေကျပ်  ၉၂၄၄ဝဝ တို့အား သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အောင်သူ(ခ) အောင်ကိုနှင့် ခိုင်ဇော်အောင်တို့ နှစ်ဦးအား ဝါးခယ်မမြို့မရဲစခန်းက မယ(ပ)၂/၂ဝ၁၉၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)၊ ၂ဝ(က)၊ ၂၁ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။              

Read 21 times Last modified on Wednesday, 12 June 2019 09:28