SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

လယ်ဝေးမြို့နယ်၌ ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

Thursday, 21 September 2017 11:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၂ဝ

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆိုင်ကယ် တစ်စီး ကိုရပ်တန့် စစ်ဆေးရာ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း သိရသည်

။ဖြစ်စဉ်မှာ နေပြည် တော် မူးယစ်တပ်ဖွဲ့စု(၁ဝ၁)မှဒုတိယရဲအုပ်အောင်ဖြိုးဝေနှင့် လယ်ဝေးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ်ထွန်းထွန်းနိုင်တို့ပူးပေါင်း ၍ လယ်ဝေးမြို့နယ် ရုံးတော ကျေးရွာအနီး V-4 လမ်းပေါ်တွင် သွားရောက်စောင့်ဆိုင်းနေစဉ် V-4 လမ်းမကြီးအတိုင်း တောင်ဘက်မှမြောက်ဘက်သို့မောင်းနှင်လာသော ဆိုင်ကယ်အမှတ် 60 ယ၊   Wave110 အစိမ်း ရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာယာဉ်မောင်း နောင်ဘို(ခ)စိုးသူ ၃၂ နှစ်၊ လယ်ဝေးမြို့နယ် ရွှေပြည်အေးကျေးရွာနေသူ ဝတ်ဆင်ထားသော i-MaxwH တံဆိပ်ပါခဲရောင် လက်ရှည် အင်္ကျီ အိတ် ကပ်အတွင်းမှ အဖြူရောင်ပလတ်စတစ်အပိုင်းအစဖြင့်ထုပ်၍ အနက် ရောင်တိတ်ဖြင့်ပတ်ထားသည့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၁ ပြားပါ အထုပ် တစ်ထုပ်ကို ရှာဖွေတွေ့ ရှိသိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွဆေးပြားများ လက်ဝယ်ထားရှိအသုံးပြုသူ နောင်ဘို(ခ)စိုးသူကို လယ် ဝေးမြို့မရဲစခန်းက မယ(ပ)၄/၂ဝ၁၇၊ မူး/စိတ်ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် စစ်ဆေး ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 

Read 322 times Last modified on Thursday, 21 September 2017 11:11