SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဖယောင်းတိုင်မီးမှ တစ်ဆင့်နေအိမ်နှင့် ဈေးဆိုင်ခန်း အလုံး ၃ဝ မီးလောင်မှုဖြစ်ပွား

Thursday, 21 September 2017 11:14 font size decrease font size decrease font size increase font size increase font size

ဖားကန့် စက်တင်ဘာ ၂ဝ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ ဆယ်ဇင်းကျေးရွာ၌ ယမန်နေ့က ဖယောင်း တိုင်မီး မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေအိမ်နှင့်ဈေးဆိုင်ခန်း အလုံး ၃ဝမီးလောင် ဆုံးရှုံး မှုဖြစ်ပွား ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၅ နာရီ မိနစ် ၅ဝ ကမိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာနေ ဦးဇော်ဝင်းနိုင် ၃၂ နှစ်၏ နေအိမ်အလှပြင်ဆိုင်အပေါ်ထပ် ဧည့်ခန်း အသုံးအဆောင်များ ထားသို ရာနေရာရှိ သစ်သားစင်ပေါ်၌ ဖယောင်းတိုင် မီးထွန်းထားခဲ့ရာမှ မီး လောင်ကျွမ်းပြီး နေအိမ်ရှိပစ္စည်းများကို မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခြင်းဖြစ်သည်။

မီးလောင်ရာသို့ အရန်မီးသတ်တပ်စုမှူးဦးကျော်ရွှေနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲ တပ်ဖွဲ့ စခန်းမှ စခန်းမှူးရဲအုပ်စံဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများကမီးသတ် ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးနှင့် ဘက်ဟိုး ယာဉ်နှစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၈ နာရီခွဲတွင်မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် အဆိုပါကျေးရွာ၌ ဖွင့်လှစ်ထားသည့်ဈေးဆိုင် ၂၂ ဆိုင်နှင့် နေအိမ်ရှစ်လုံးတို့မီးလောင်ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြုသူဇော်ဝင်းနိုင် ၃၂ နှစ်ကို ဆယ်ဇင်း နယ် မြေရဲတပ်ဖွဲ့စခန်းက (ပ)၄/၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်ဆောင် ရွက် ထား ကြောင်း သတင်းရရှိသည်။

Read 425 times Last modified on Thursday, 21 September 2017 11:49