SJ WorldNews - шаблон joomla Авто

နမ့်ခမ်းမြို့နယ် အတွင်း၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Friday, 14 June 2019 10:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း  လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်း တပ်ဖွဲ့ဝင်များသည်  ယနေ့နံနက် ၇ နာရီခန့်တွင် သတင်းအရ အမှတ်(၁၃) ရပ်ကွက်၊ သာယာကုန်း ရပ်ကွက်နေ မချောက်မွှေ(ဘ) ဦးချောက်ပေါ့၏   နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်မီးဖိုချောင် ပန်းကန်စင်အောက်တွင် ဝှက်ထားသော အနက်ရောင် ကြွပ်ကြွပ်အိတ်အတွင်းမှ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၈ဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီး ရမိသူအား နမ့်ခမ်းမြို့မ ရဲစခန်းသို့ အပ်နှံ၍ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။  

(၁ဝဝ)

Read 11 times Last modified on Friday, 14 June 2019 10:08