SJ WorldNews - шаблон joomla Авто

ဖျာပုံမြို့နယ်၌ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

Monday, 17 June 2019 10:35 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အပြောင်ကျေးရွာ၌ ဇွန် ၁၅ ရက် နံနက်ပိုင်းက နေအိမ်အတွင်းမှ စိတ်ကြွဆေးပြားများ ရှာဖွေ တွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်(၅ဝ) မူးယစ်တပ်ဖွဲ့(ဖျာပုံ)မှ ဒုတိယရဲမှူးညီညီ ဦးဆောင်သော ဖျာပုံခရိုင်မှု ခင်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ၊ ဖျာပုံရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ်ဇော်ဟိန်းနှင့် တပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ ဖျာပုံမြို့နယ် အပြောင်ကျေးရွာ နယ်မြေ(၁) ရွာမလမ်းနေ ဘိုဘိုအောင်၏ နေအိမ်အတွင်းဝင်ရောက်ရှာဖွေရာ င်းနှင့်အတူ ဝဏ္ဏထွန်း (ခ)အငယ်လေး၊ သင်းစုမော်၊ ထက်မြတ်မိုးတို့ကိုတွေ့ရှိပြီး နေအိမ်ကြမ်းပြင်ပေါ်တွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၃၈ဝ နှင့်ငွေကျပ် ၅၉ဝဝဝ တို့ကို သိမ်းဆည်းရမိသည်။

ဆက်လက်၍ အမှတ်(၅ဝ)မူးယစ်တပ်ဖွဲ့ (ဖျာပုံ)မှဒုတိယရဲမှူး ညီညီဦးဆောင်သော ပူးပေါင်းအဖွဲ့က ဒေးဒရဲမြို့နယ် အုန်းပင်ကျေးရွာ ဖျာပုံ-ဒေးဒရဲလမ်းမပေါ်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရစောင့်ဆိုင်းနေစဉ် ရွှေပြည်သာမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးနေ ကိုကိုအောင်မှာ ယာဉ်အမှတ် FF/--အနက်ရောင်ယာဉ်ဖြင့် ရောက်ရှိလာပြီး စားသောက်ဆိုင် အတွင်းသို့ ဝင်ရောက်သဖြင့် လိုက်လံဖမ်းဆီးရာ စားသောက်ဆိုင်သန့်စင်ခန်းလျှောက်လမ်းတွင် င်း၏ ပုဆိုးအတွင်းမှ WY စာတန်းပါစိတ်ကြွဆေးပြား ၅၈ဝ နှင့် ငွေကျပ် ၅၈၁ဝဝဝ တို့ကို သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဘိုဘိုအောင်ပါ လေးဦးအား ဖျာပုံမြို့မရဲစခန်းက မယ(ပ)၈/၂ဝ၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂ဝ(က)/၂၁ ဖြင့်လည်းကောင်း၊ ကိုကိုအောင်အား နောက်ပြန်တိုးနယ်မြေ ရဲစခန်းက မူးယစ်(ပ)၂/၂ဝ၁၉၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)/၂ဝ(က)ဖြင့်လည်းကောင်း အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကျော်စိုးမိုး

Read 45 times Last modified on Monday, 17 June 2019 10:36