SJ WorldNews - шаблон joomla Авто

မံစီမြို့နယ်၊ မက်လင်ကျေးရွာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Tuesday, 18 June 2019 10:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၇

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့သည် ဇွန် ၁၆ ရက် ညနေ ၄ နာရီခန့်တွင် သတင်းအရ မက်လင်ကျေးရွာနေ ဦးသန်းထွန်း(ဘ) ဦးစံမောင်၏နေအိမ်သို့ ဝင်ရောက်စစ်ဆေး ရှာဖွေရာ ဦးသန်းထွန်းအား မတွေ့ရှိရဘဲ မူးယစ်ဆေးဝါးများ သုံးစွဲနေသည့် ဦးနော်လှိုင်(ဘ) ဦးမရန်တူးနှင့် ဦးအုန်းရွှေ(ဘ)ဦးဘကြိုင်တို့နှစ်ဦးကို ဘိန်းဖြူ ၃၂ ဒသမ ၅ဝ ဂရမ်နှင့် WY  စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ငါးပြား (စုစုပေါင်း မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆ သိန်းခန့်)နှင့် အတူဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မံစီမြို့နယ်၊ အထူးမူးယစ် တပ်ဖွဲ့စုသို့    စနစ်တကျ လွှဲပြောင်းအပ်နှံ၍ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 18 times Last modified on Tuesday, 18 June 2019 10:43