SJ WorldNews - шаблон joomla Авто

ပုလောမြို့နယ်အနီး ပင်လယ်ပြင်၌ မူးယစ်ဆေးဝါး (ICE)များ သိမ်းဆည်းရမိ

Tuesday, 18 June 2019 10:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ ဝါးတန်းရပ်၊ အဏ္ဏဝါ(၃)လမ်းနေ ဦးလှညွန့်နှင့် လှေသားနှစ်ဦးသည် ဇွန် ၁ဝ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မြန်မာ့ ပင်လယ်ပြင်၌ လှေတစ်စင်းဖြင့် ငါးဖမ်းနေစဉ် ပုလောမြို့၏ အနောက်တောင်ဘက် ရေမိုင် ၂ဝ ခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ် ပလတ်စတစ်အထုပ် ၁၂ ထုပ်အာ တွေ့ရှိခဲ့သည်။

အဆိုပါတွေ့ရှိခဲ့သည့် မသင်္ကာဖွယ် အထုပ်များအား ဇွန် ၁၅ ရက် ညနေ ၄ နာရီခန့်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အကြောင်းကြားလာသဖြင့်  သွားရောက် စစ်ဆေးရာ DAG-UANYIN စာတန်းပါ  အထုပ် ၁၂ ထုပ် အတွင်းမှ ICE မူးယစ်ဆေးဝါး ၁၂ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၃ဝဝဝ ခန့်)အား တွေ့ရှိရပြီး ပုလောမြို့နယ် ရဲစခန်း၌ သိမ်းဆည်း၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 35 times Last modified on Tuesday, 18 June 2019 10:49