SJ WorldNews - шаблон joomla Авто

ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

Tuesday, 18 June 2019 10:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာနေ ဦးစိန်ရွှေ (ဘ) ဦးသယာဒန်း၏နေအိမ်၌ ယနေ့နံနက် ၇ နာရီ မိနစ် ၂ဝ ခန့်တွင် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ မီးလောင်ရာနေရာသို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍  မီးသတ်ယာဉ်နှစ်စီး၊  ရေသယ် ယာဉ်သုံးစီးတို့၏ အကူအညီဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ မိနစ် ၅ဝ ခန့်တွင် မီးငြိမ်း သွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ နေအိမ်အပေါ် ထပ်မှာ  မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 45 times Last modified on Tuesday, 18 June 2019 10:53