SJ WorldNews - шаблон joomla Авто

ရန်ကုန်-မန္တလေး ကားလမ်း၌ ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ အမျိုးသမီးအား ဝင်တိုက်မိ

Wednesday, 19 June 2019 09:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာအုပ်စု သိုက်ချောင်းကျေးရွာရှေ့ ရန်ကုန်-မန္တလေးကားလမ်း၌ ဇွန် ၁၇ ရက် နံနက်ပိုင်းက ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူအား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်နေ စိုးခိုင် ၃ဝ နှစ်သည် Luojia 110 အမျိုးအစား အနက်ရောင်မော်တော်ဆိုင်ကယ်အမှတ် ၂၉ယ/--- ဖြင့် တပ်ကုန်းမြို့ဘက်မှ ပျဉ်းမနားမြို့ဘက်သို့ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း မောင်းနှင်လာစဉ် လမ်းဖြတ်ကူးသူ ဇေယျာသီရိမြို့နယ် သိုက်ချောင်းကျေးရွာနေ ဒေါ်တင့်ကြည် ၆ဝ နှစ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိသည်။

ယာဉ်တိုက်မှုကြောင့် ဒေါ်တင့်ကြည်တွင် ယာနဖူးပေါက်ပြဲ၊ ဦးခေါင်းယာဘက်နောက်စေ့ပေါက်ပြဲ၊ ဝဲမျက်လုံး ဖူးရောင်ဒဏ်ရာများ အသီးသီးရရှိသဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်၁ဝဝဝ တွင် ဆေးကုသမှုခံယူစဉ် သေဆုံးသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စိုးခိုင်အား ရွှေတွင်းကုန်းမြို့မရဲစခန်းက ယာဉ်(ပ) ၁ဝ/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဇော်မျိုး(နေပြည်တော်)

Read 33 times Last modified on Wednesday, 19 June 2019 09:28