SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူအား ဖမ်းဆီးရမိ

Wednesday, 19 June 2019 09:27 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် မိုင်းချောင်းကျေးရွာ၌ ဇွန် ၁၇ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူအား ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်းချောင်းနယ်မြေရဲကင်းစခန်းမှူး ဒုတိယရဲအုပ်သက်နိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဖောင်းပြင်မြို့နယ် မိုင်းချောင်းကျေးရွာ၏ အရှေ့တောင်ဘက် နတ်ကြီးစင်အနီးသို့ သတင်းအရ သွားရောက် စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသော ခုံသာကျေးရွာနေ ကျောက်ခဲအား မသင်္ကာသဖြင့် စစ်ဆေးရာ ၄င်းသယ်ဆောင်ထားသော အမည်းရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပိုးထားသည့် ဆပ်ပြာခွက်များအတွင်း ဘိန်းဖြူအမှုန့်အလေးချိန် ၉ ဂရမ်ခန့်ပါ ဆပ်ပြာခွက် ၃၃ ခွက် စုစုပေါင်းအလေးချိန် ၂၉၇ ဂရမ်ခန့်အား သိမ်းဆည်း ရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ခဲအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖောင်းပြင်(ပြန်/ဆက်)

Read 34 times Last modified on Wednesday, 19 June 2019 09:28