SJ WorldNews - шаблон joomla Авто

နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ

Wednesday, 19 June 2019 09:29 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့ပေါ် ဦးရပ်ကွက်၌ ဇွန် ၁၇ ရက် နံနက်ပိုင်းက နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ တန့်ဆည်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး အောင်မိုးလွင်နှင့် အဖွဲ့သည် သတင်းအရ တန့်ဆည်မြို့ ပေါ်ဦးရပ်ကွက်နေ တင်ဝင်း ၄၆ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ် စပါးကျီအတွင်းမှ ဆပ်ပြာခွက် ၂၃ ခွက်ဖြင့် ထည့်ထားသော ဘိန်းဖြူ ၂၂၄ ဒသမ ၆ ဂရမ်၊ ပလတ်စတစ်ဘူးဖြင့် ထည့်ထားသော 88/1 စာတန်းပါ နီညိုရောင်စိတ်ကြွဆေးပြား ၈၃ ပြား၊ သံသေတ္တာအတွင်းမှ ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသော 88/1 စာတန်းပါ နီညိုရောင်စိတ်ကြွဆေးပြား ၁၉၉ ပြား၊ WY စာတန်းပါ အနီရောင်စိတ်ကြွဆေးပြား ၁၈၃ ပြား စုစုပေါင်းဆေးပြား ၄၆၅ ပြားနှင့် ငွေကျပ် ၂၄၅ဝဝဝ အား သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တင်ဝင်းအား တန့်ဆည် မြို့မရဲစခန်းက မူးယစ်(ပ)အမှတ် ၅/၂ဝ၁၉၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)/၂ဝ (က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 32 times Last modified on Wednesday, 19 June 2019 09:30