SJ WorldNews - шаблон joomla Авто

ဖယ်ခုံမြို့နယ်၌ စိတ်ကြွဆေးပြား ၅၇ဝဝ ကျော် သိမ်းဆည်းရမိ

Wednesday, 19 June 2019 09:30 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စု မိုးဗြဲကျေးရွာ ညောင်ဝိုင်းလမ်းစုံ လွိုင်ကော်- မိုးဗြဲကားလမ်း၌ ဇွန် ၁၇ ရက်က လမ်းလျှောက်နေသူ တစ်ဦးကို မသင်္ကာ၍ စစ်ဆေးရာမှ မူးယစ်ဆေးဝါးများနှင့် ကွင်းဆက်တရားခံကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖယ်ခုံမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များဖြစ်ကြသော ဒုတိယရဲအုပ်စိုးလွင်ဦး၊ ရဲတပ်ကြပ်ဝင်းထွန်းလင်း၊ ဒုတိယတပ်ကြပ်အောင်မျိုး၊ ဒုတိယတပ်ကြပ်နိုင်လွင်ဦးနှင့် တာဝန်ရှိသူများသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စု ညောင်ဝိုင်းလမ်းစုံ လွိုင်ကော်-မိုးဗြဲကားလမ်း၌ စောင့်ဆိုင်းနေစဉ် မိုးဗြဲကျေးရွာဘက်မှ လမ်းလျှောက်လာသူ မောင်ရှို့အား မသင်္ကာ၍ ရှာဖွေစစ်ဆေးရာ ၄င်း၏ဘယ်ဘက်လက်တွင် ကိုင်ထားသော စက္ကူထုပ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ခြောက်ပြားကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။

ဆက်လက်၍ မောင်ရှို့အား စစ်ဆေးမေးမြန်းရာ အဆိုပါ စိတ်ကြွဆေးပြားများကို ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စု ပွဲကုန်း(၃) ရပ်ကွက်နေ မာရိနို့ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုသဖြင့် မာရိနို့၏ နေအိမ်အား ဆက်လက်ရှာဖွေစစ်ဆေးရာ ၄င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ အပြာရောင် ပလတ်စတစ်အိတ်ဖြင့်ထုပ်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၂ဝပြား၊ နေအိမ်၏အနောက်ဘက်တွင် ရပ်ထားသည့် အနက်ရောင် SURF အမျိုးအစား မော်တော်ယာဉ်၏ ရှေ့ထိုင်ခုံအောက်မှ မိုင်းကိုင်စက္ကူဖြင့် ထုပ်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂ဝဝ ပြားစီပါ ၂၈ ထုပ် ဆေးပြား ၅၆ဝဝ ပြား စုစုပေါင်း ဆေးပြား ၅၇၂ဝ ပြားကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မောင်ရှို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)ဖြင့်လည်းကောင်း၊ မာရိနို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)ဖြင့် လည်းကောင်း ဖယ်ခုံမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ကိုထွေး

Read 21 times Last modified on Wednesday, 19 June 2019 09:31