SJ WorldNews - шаблон joomla Авто

လောင်းလုံးမြို့နယ်နှင့် ပုလောမြို့နယ်အနီး ပင်လယ်ပြင်၌ မူးယစ်ဆေးဝါး (ICE) များ ထပ်မံ သိမ်းဆည်းရမိ

Wednesday, 19 June 2019 10:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇွန်   ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာ ကမ်းခြေတွင် ဇွန် ၁၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝခန့်တွင်   မူးယစ်ဆေးဝါးဟု ယူဆရသော  အထုပ်တစ်ထုပ်အား ကလေးများမှ ကောက်ယူတွေ့ရှိ၍ ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့   အကြောင်းကြားလာသဖြင့်  သွားရောက် စစ်ဆေးရာ DAGUANYIN စာတန်းပါ အထုပ်တစ်ထုပ် အတွင်းမှ ICE မူးယစ်ဆေးဝါး ၁ ကီလိုဂရမ်ခန့် (ခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၂၅ဝ ခန့်)အား တွေ့ရှိခဲ့သည်။

အလားတူ ပုလောမြို့နယ်၊ ခန္တီးကျေးရွာနေ ဦးစိုးအေးနှင့် အမျိုးသမီးငါးဦးတို့သည် ဇွန်၁၆ ရက် ညနေ ၄ နာရီခန့်တွင် ပြင်ဘုငယ်ကျွန်း အနောက်ဘက် ၁ မိုင်ခန့် အကွာနေရာ၌ ရှပ်ခရုကောက်ယူရန် ရောက်ရှိစဉ် ရေတွင် မျောပါလာသည့် DAGUANYIN စာတန်းပါ အထုပ်ငါးထုပ်အား တွေ့ရှိခဲ့သည်။

အဆိုပါတွေ့ရှိခဲ့သည့် အထုပ်များအား ဇွန်၁၇ ရက် မွန်းတည့် ၁၂ နာရီတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အကြောင်းကြားလာသဖြင့် သွားရောက် စစ်ဆေးရာ DAGUANYIN  စာတန်းပါ အထုပ်ငါးထုပ် အတွင်းမှ ICE မူးယစ်ဆေးဝါး ၄ ဒသမ ၄ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၈ဝဝ ခန့်)အား   တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ကျောက်နီမော် ရဲစခန်းနှင့် ပုလောမြို့နယ် ရဲစခန်းတို့၌ သိမ်းဆည်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

 
Read 35 times Last modified on Wednesday, 19 June 2019 10:33