SJ WorldNews - шаблон joomla Авто

ခြောက်ဘီးယာဉ် နှစ်စီးပေါ်မှ အင်သစ်လုံးများ ရှာဖွေတွေ့ရှိ

Thursday, 20 June 2019 11:46 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့နယ် ကွန်းတောင်းကျေးရွာ၏ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ တောအတွင်း၌ ဇွန် ၁၈ ရက် နံနက် ၉ နာရီခွဲက ရပ်တန့်ထားသည့် ခြောက်ဘီးယာဉ် နှစ်စီးပေါ်မှ အင်သစ်များ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ တမူးမြို့နယ် ခေတ္တရဲကင်းမှူး ဒုတိယရဲမှူး ဇော်ဇော်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်မျိုးမြင့်ဇော်၊ ကွန်းတောင်းသစ်တောဘိနယ်တာဝန်ခံ တောအုပ်ဦးဇော်ဝင်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နယ် ကွန်းတောင်းကျေးရွာ၏အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ တောအတွင်း၌ ရပ်တန့်ထားသည့် နံပါတ်မပါ ချက်ပလက်ခေါင်းတို ခြောက်ဘီးယာဉ်နှစ်စီးကို စစ်ဆေးရှာဖွေရာ အဆိုပါ ယာဉ်များပေါ်မှ တရားမဝင်အင်သစ်၃၇ လုံး(၅ ဒသမ ဝ၆၇ တန်) ကာလတန်ဖိုးငွေကျပ် ၂၅၃၃၅ဝ ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိသည်။

အဆိုပါ သိမ်းဆည်းရမိသည့် ယာဉ်များနှင့်သစ်များကို ကွန်းတောင်းသစ်တော ဘိနယ်ရုံး၌ ထိန်းသိမ်းထားရှိကြောင်း သိရသည်။

Read 32 times Last modified on Thursday, 20 June 2019 11:47