SJ WorldNews - шаблон joomla Авто

ကနက်သီရိကျေးရွာအနီး ပင်လယ်ကမ်းစပ်၌ မူးယစ်ဆေးဝါး(ICE)များ သိမ်းဆည်းရမိ

Thursday, 20 June 2019 11:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာနေ ဦးမြင့်စိုးသည် ဇွန် ၁၇ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် အဆိုပါကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာရှိ ဘဲစာပြင်ကမ်းခြေသောင်ပြင်ပေါ်၌ ပလတ်စတစ်ဖြင့် ထုပ်ထားသည့် အထုပ်တစ်ထုပ်အား တွေ့ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အကြောင်းကြား လာသဖြင့် သွားရောက်စစ်ဆေးရာ DAGUANYIN စာတန်းပါ အထုပ်တစ်ထုပ်အတွင်းမှ  ICE မူးယစ်ဆေးဝါး ၁ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း၂၅ဝ ခန့်)အား တွေ့ရှိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ဝင်းဝနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

Read 30 times Last modified on Thursday, 20 June 2019 11:47