SJ WorldNews - шаблон joomla Авто

မိုင်းကိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Thursday, 20 June 2019 11:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန် ၁၈ ရက် ည ၇ နာရီခန့်တွင် အဆိုပါမြို့၏တောင်ဘက် ၁ဝ မိုင်ခန့်အကွာ၌ ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် မိုင်းကိုင်မြို့ဘက်မှ လဲချားမြို့ဘက်သို့ လွင်မျိုးနိုင်(ဘ)ဦးမြင့်ဝေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်

စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၂၇၆ ပြားနှင့် ဘိန်းဖြူမှုန့် ၂ ဂရမ်ခန့် (စုစုပေါင်းမူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုး ငွေကျပ် သုံးသိန်းကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ၊ မော်တော်ဆိုင်ကယ်နှင့် ဖမ်းဆီးရမိသူအား မိုင်းကိုင်မြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Read 19 times Last modified on Thursday, 20 June 2019 11:48