SJ WorldNews - шаблон joomla Авто

ဒေါ့ဖုန်းယန်မြို့နယ် အတွင်း၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ

Thursday, 20 June 2019 11:48 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၉

ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန် ၁၈ ရက် ညနေ ၅ နာရီခန့်တွင် ဂျာအင်ယန်ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာသို့ အရောက်၌ တရားမဝင် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၁၇ ဒသမ ၆ တန်ခန့်ကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ တရားမဝင်သစ်များအား ဗန်းမော်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 28 times Last modified on Thursday, 20 June 2019 11:49