SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့နယ်နှင့် မိုင်းတွမ်းမြို့နယ် အတွင်း၌ လက်နက်ခဲယမ်းများ၊ ငွေကျပ်သိန်းပေါင်း ၄၅ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်ဆက်စပ် ပစ္စည်းများအား ထပ်မံသိမ်းဆည်း ရမိ

Thursday, 20 June 2019 12:21 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်နှင့် မိုင်းတွမ်းမြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ဇွန် ၁၆ ရက် နံနက် ၉ နာရီခန့်တွင် ရေပူစမ်းကျေးရွာ၏ မြောက်ဘက် မီတာ ၂ဝဝဝ ခန့်အကွာရှိ လျှိုအတွင်းမှ  WY စာတန်းပါ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၄ဝ၈၃ ပြား၊ WY စိတ်ကြွရူးသွပ်ဆေးမှုန့် (အစိမ်းရောင်)သုည ဒသမ ၁ ကီလိုဂရမ်အား လည်းကောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဇွန် ၁၇ ရက် နံနက် ၉ နာရီခန့်တွင် မိုင်းတွမ်းမြို့နယ်၊ အာဆော်ပေါ်မိုးကျေးရွာ၊ တောင်ယာတဲအနီး မြေကျင်းအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝဝ ပြားအား လည်းကောင်း၊ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းဆတ်မြို့နယ်၊ မယ်ကြုတ်(၁)ကျေးရွာအနီး  အမှိုက်ပုံအတွင်းမှ WYစာတန်းပါ အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆ဝဝဝ ပြား၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၆ဝဝ ပြား၊ WYစာတန်းပါ အနီရောင် စိတ်ကြွရူးသွပ် ဆေးပြား၂ဝဝဝ ပြားအား လည်းကောင်း၊ နံနက် ၉ နာရီခန့်တွင် အဆိုပါကျေးရွာရှိ လူနေထိုင်ခြင်း မရှိသည့်နေအိမ်တစ်လုံးအား ဝင်ရောက် ရှာဖွေရာ Sponsor ပုလင်းအတွင်း ထည့်ထားသည့်ဘိန်းဖြူမှုန့်  ၁ဝ၆ ပုလင်း၊  ဘိန်းဖြူဆပ်ပြာခွက် ၄၄ဝ ခွက် (စုစုပေါင်းဘိန်းဖြူမှုန့် ၄ ဒသမ ၈ ကီလိုဂရမ်ခန့်)အား လည်းကောင်း၊ နံနက် ၁ဝ နာရီခွဲခန့်တွင် လူနေထိုင်ခြင်း မရှိသည့် နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေရာ ၁၂ ဗို့သေနတ်နှစ်လက်၊ပွိုင့်-၂၂ သေနတ်နှစ်လက်၊ ပွိုင့်-၂၂ ကျည်အိမ် နှစ်ခုအား လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်ခန့်တွင် လူနေထိုင်ခြင်း မရှိသည့် နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေရာ  WY စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၂၈၅ဝဝဝဝ ပြား၊ ဘိန်းဖြူ ၉ ဒသမ ၆ ကီလိုဂရမ်ခန့်၊ M-၁၆ ပြောင်းတိုသေနတ်တစ်လက်၊ ကာဘိုင်သေနတ်နှစ်လက်၊ စတင်းဂန်း သေနတ်တစ်လက်၊ ၁၂ ဗို့သေနတ်ငါးလက်၊ နှစ်လုံးပြူး သေနတ်နှစ်လက်၊ ခြောက်လုံးပြူး သေနတ်တစ်လက်၊  fire  Slar  Plus ပစ္စတိုတစ်လက်၊ ပွိုင့်-၂၂ သေနတ်နှစ်လက်၊ စတင်းဂန်းကျည်အိမ် တစ်ခုနှင့် ၅ ဒသမ ၅၆ ကျည် ၃ဝဝ တောင့်အား လည်းကောင်း ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန် ၁၇ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် အာဝေါဘုရားကျေးရွာ၏ အရှေ့ဘက် မီတာ ၁ဝဝဝ ခန့်အကွာရှိ လျှိုအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ဝဝဝ ပြား၊ ဘိန်းဖြူမှုန့် သုည ဒသမ ဝ၄ ကီလိုဂရမ်ခန့်နှင့် အဖြူရောင်ဓာတုဆေးမှုန့် ၃ ဒသမ ၅ ကီလိုဂရမ်ခန့်အား လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ပူနားကိုကျေးရွာ၏ အရှေ့ဘက်မီတာ ၂ဝဝဝ ခန့်အကွာရှိ လူနေထိုင်ခြင်း မရှိသည့် နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေရာ နေအိမ်ရှေ့မြေကျင်း အတွင်းမှ ကဖင်း ၆၆  ကီလိုဂရမ်၊  မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်  Sodium Hydroxide အမျိုးအစား ၁ဝ ဂါလန်ဆံ့ ပလတ်စတစ်ပုံး ၁၂ ပုံး၊ မဖောက်ထုံးအိတ် ၁၁ အိတ်၊ Ethyl အရည် ၁ ဒသမ ၅ ဂါလန်နှင့် Hydrochloric Acid ထည့်ထားသည့် ပလတ်စတစ်ပုံး ၁ဝ ဂါလန်ဆံ့ နှစ်ပုံးနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ဇွန် ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းတွမ်းမြို့နယ်၊ အာဆော်ပေါ်မိုးကျေးရွာ၏ အရှေ့ဘက် မီတာ ၁၆ဝဝ ခန့်အကွာရှိ ရော်ဘာခြံ အတွင်းမှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၅ဝဝ ပြား၊ ဓာတုဆေးမှုန့်၁၈ ဒသမ ၇ ကီလိုဂရမ်ခန့်၊ စတီးပေါင်းအိုးတစ်လုံး၊ ဆေးပေါင်းအိုး အရွယ်အစားမတူ လေးလုံး၊ အက်စစ်ငါးဂါလန်ပုံး ၁၄ ပုံး၊ အက်စစ် ၁ ဒသမ ၅ ဂါလန်စီပါ ၇၆ ပုံးနှင့်မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ လက်နက်ခဲယမ်းများ၊ ခန့်မှန်းတန်ဖိုးငွေ ကျပ် သိန်းပေါင်း ၄၅ဝဝဝ ကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာ မြို့မရဲစခန်းများသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 20 times Last modified on Thursday, 20 June 2019 12:22