SJ WorldNews - шаблон joomla Авто

ဈေးကောက် ဝတ်စုံ ဝတ်ဆင်၍ အခွန်ကောက်နေသူကို အမှုဖွင့် အရေးယူ

Friday, 22 September 2017 10:54 font size decrease font size decrease font size increase font size increase font size

လားရှိုး စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ လားရှိုး-နမ္မတူသွားလမ်း မီးရထား သံလမ်း အကျော်၌

ဈေးကောက် ဝတ်စုံဝတ်ဆင်၍ လမ်းဖြတ်သန်းသွားလာနေသည့် ထော်လာဂျီ ယာဉ်များကို အခွန်ကောက် နေသူအား ယ မန်နေ့ က အမှုဖွင့်တိုင်တန်းမှုဖြစ်ပွားကြောင်း သိရသည်။

 ဖြစ်စဉ်မှာ လားရှိုး-နမ္မတူသွားကားလမ်း မီးရထားသံလမ်းအကျော်၌ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနနှင့် ပျံကျဈေးကောက် လိုင်စင်တို့မှ တာဝန်ပေးအပ်ထားခြင်း မရှိဘဲ အခွန်ကောက်ခံနေကြောင်း သိရှိရသဖြင့် စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီက  မြို့နယ်စည် ပင်သာယာရေးဌာနမှ အကြီးတန်းစာရေး ဒေါ်သိင်္ဂီမောင်၊   ဦးငိုနပ် (စည်းကမ်း ထိန်း-၄)၊ ဦးနိုင်စိုး(စည်းကမ်းထိန်း-၅)၊   ဦးမောင်ဌေးလင်း (စည်းကမ်းထိန်း-၅)တို့ က သွားရောက် စစ်ဆေးရာ ရပ်ကွက်(၁ဝ) နယ်မြေ(၈) လားရှိုးမြို့နေသူ ကျော်ထွေး ၃၂ နှစ်သည်  အရပ်ဝတ်ဖြင့် အပေါ်မှဈေးကောက်ဝတ်စုံဝတ်ဆင်၍ လမ်းဖြတ်သန်းသွားလာနေသည့် ထော်လာဂျီယာဉ်များကို အခွန်ကောက် ခံနေကြောင်း တွေ့ရှိခဲ့သည်။

 စည်ပင်ဝန်ထမ်း အယောင်ဆောင်ကာ အခွန်ကောက်ခံနေသူ ကျော်ထွေးကို  ဥပဒေအရ အရေးယူပေးရန်  လားရှိုးမြို့နယ်စည်ပင် သာယာရေးဌာန ဦးစီးအရာရှိ ဦးမြတ်သူက လား ရှိုးမြို့  မရဲစခန်းသို့ လာရောက် အမှု ဖွင့်တိုင်တန်းခြင်းဖြစ်သည်။ဖြစ်စဉ်နှင့်ပက်သက်၍ ကျော်ထွေးကို လားရှိုးမြို့မရဲစခန်းက   (ပ)၃ဝ၇/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ- ၁၇ဝ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။         

 

 

Read 347 times Last modified on Friday, 22 September 2017 12:08