SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ရော်ဘာသစ်ပါးလွှာစက်ရုံ၏ ဘွိုင်လာအိုး မီးလောင်မှုဖြစ်ပွား

Friday, 22 September 2017 10:59 font size decrease font size decrease font size increase font size increase font size

သံဖြူဇရပ် စက်တင်ဘာ ၂၁

သံဖြူဇရပ် - ကျိုက္ခမီကားလမ်းဘေးရှိ ရော်ဘာ သစ်ပါးလွှာ အထပ်သား စက်ရုံဝင်း အတွင်း၌ ယမန်နေ့ ညနေ ၆ နာရီခန့်က စက်ရုံ၏ အပူပေးဘွိုင်လာအိုး အပူလွန်ကဲရာမှ မီးလောင် မှုဖြစ်ပွားကြောင်း   သိရသည်။

မီးလောင်ရာနေရာသို့ သံဖြူဇရပ် မီးသတ် စခန်းမှ မီးသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ် နှစ်စီး နှင့်အတူ    သန္ဓေနှင့်အရန်မီးသတ် တပ်ဖွဲ့ဝင် ၄၈ ဦးနှင့် စက်ရုံလုပ်သားများက ဝိုင်း ဝန်းငြှိမ်းသတ်ကြရာ  ည ၆ နာရီခွဲတွင် မီးငြိမ်း သွားသည်။

မီးလောင်မှုကြောင့်  သစ်ပါးလွှာစက်ရုံ၏ပေ ၃ဝ ပတ်လည်ခန့်ရှိ ဘွိုင်လာခန်း အဆောက် အအုံ အတွင်းမှ ဘွိုင်လာဆီအချို့ မီးလောင်ဆုံးရှုံးခဲ့ပြီး လူများထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။ အဆိုပါ မီးလောင် မှုကြောင့် ဘွိုင်လာခန်း တာဝန်ခံ ကိုသန်းမျိုးဝင် ၂၃ နှစ်ကို သံဖြူဇရပ်မြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

Read 372 times Last modified on Friday, 22 September 2017 12:07