SJ WorldNews - шаблон joomla Авто

စိတ်ကြွ ဆေးပြားများ သိမ်းဆည်း ရမိ

Friday, 22 September 2017 11:02 font size decrease font size decrease font size increase font size increase font size

လားရှိုး စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မန်ဆူဈေးကြီး အတွင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိကြောင်း သိရသည်

။ဖြစ်စဉ်မှာ အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စု လားရှိုးမှ ရဲအုပ်စောထင်လင်းဦးစီးအဖွဲ့သည်မန်ဆူဈေးကြီးအတွင်း၌ လားရှိုး-မန္တလေး- ရမည်း သင်း ခရီးသည်ယာဉ် စောင့်ဆိုင်းနေသော ညီအစ်မဝမ်းကွဲတော်စပ်သူ ဒေါ်စန်းနှင့် မအေး တို့ နှစ်ဦး ၏  ခရီးဆောင်အိတ်နှင့်  အထုပ်များကို  ရှာဖွေစစ်ဆေးရာ ဖက်ခေါင်းအုံးအတွင်းမှ အပြာ ရောင် ကပ်ခွာအိတ်ငယ်တစ်အိတ်လျှင် ၈၈။၁စာတန်းပါပန်းရောင်စိတ်ြ<ွကဆေးပြား ၂ဝဝ ပြား ပါ ၁ဝ ထုပ်စည်း သုံးတောင့်စီပါ အထုပ်ကြီး နှစ်ထုပ်၊ အလျား ၂၂ လက်မ၊ အနံ ၁၃ လက်မခန့်ရှိ ခေါင်းအုံး တစ်လုံးအတွင်းမှ စိတ်ကြွဆေးပြား ၂ဝဝ ပြားစီပါ ၁ဝ ထုပ်စည်း သုံး တောင့်ပါ  အထုပ်ကြီးတစ်ထုပ်၊ ၂ဝဝပြားစီပါ ၁ဝထုပ်စည်း တစ်ထုပ်၊ အလျား ၂ ပေ၊ အနံ ၁ ပေခန ရှိ ခေါင်းအုံးအတွင်းမှ  ၈၈။၁ စာတန်းပါ ၂ဝဝ ပြားစီပါ ၁ဝ ထုပ်စည်း သုံးတောင့်ပါ အထုပ်ကြီး တစ်ထုပ် တန်ဖိုးငွေကျပ် သိန်း ၅၂ဝ ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ပြီး စစ်ဆေး မေးမြန်း ရာ အဆိုပါမူးယစ်ဆေးဝါးများကို  ကွမ်းလုံမြို့   မီစီပါးကျေးရွာနေ ဒေါ်တရုတ်မထံမှ ဝယ် ယူခြင်းဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါသုံးဦးကို လားရှိုးမြို့မရဲစခန်းက မယ(ပ)၂၂၃/၂ဝ၁၇၊ မူးယစ် ပုဒ်မ ၁၅/၁၉(က)/၂၁  ဖြင့်  အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                            

Read 441 times Last modified on Friday, 22 September 2017 12:07