SJ WorldNews - шаблон joomla Авто

ကျွန်းသစ်ခွဲသားများ သိမ်းဆည်း ရမိ

Friday, 22 September 2017 11:05 font size decrease font size decrease font size increase font size increase font size

သထုံ စက်တင်ဘာ ၂၁

မွန်ပြည်နယ် သထုံမြို့နယ် မြေနီကုန်း ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းအနီး ၌

ယမန် နေ့ နံနက် ၁ဝ နာရီက ခြောက်ဘီးယာဉ်ပေါ်မှ တရားမဝင်သယ်ဆောင်လာသော ကျွန်းသစ်ခွဲသားများ သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များက သထုံမြို့နယ် မြေနီကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းအနီး၌ယာဉ်များစစ်ဆေးဆောင်ရွက်နေစဉ်ပဲခူးမြို့ အမှတ် (၅)ရပ် ကွက် နေ အောင်ကျော် မိုး ၃၆ နှစ် မောင်းနှင်လာသော ခြောက်ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရာ တရားမဝင်သယ်ဆောင် လာသည့်  ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၄၅ဝ ချောင်း တန်ဖိုးငွေကျပ် ၆၂၄၄၂၈ဝ ကို  တွေ့ရှိ၍ သိမ်းဆည်းခဲ့သည်။ဖြစ်စဉ်နှင့် ပတ်သက်၍ သထုံမြို့မရဲစခန်းက ယာဉ်မောင်း အောင်ကျော်မိုးအပေါ် (ပ) ၈၆ဝ/၂ဝ၁၇၊ သစ်တောဥပဒေပုဒ်မ ၄၃(က) အရ အမှုဖွင့် အရေး ယူဆောင် ရွက်လျက်ရှိ ကြောင်း သိရသည်။  

Read 328 times Last modified on Friday, 22 September 2017 11:08