SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ငွေကျပ်သိန်း ၅ဝ တန်ဖိုးရှိ ဘိန်းစိမ်းများသယ်ဆောင်လာသော အမျိုးသားတစ်ဦးဖမ်းဆီးရမိ

Saturday, 23 September 2017 10:06 font size decrease font size decrease font size increase font size increase font size

မိုးကောင်း စက်တင်ဘာ ၂၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် နမ္မတီး-တနိုင်းသွားကားလမ်း၌ယမန်နေ့ မွန်း လွဲ ၁ နာရီက

ဆိုင်ကယ်တူးဘောက်နှင့်ကာဗာအကြားတွင် တရားမဝင်သယ်ဆောင်လာသော ငွေကျပ် သိန်း ၅ဝတန်ဖိုးရှိ ဘိန်းစိမ်းများ သိမ်းဆည်းရမိကြောင်းသိရသည်။ဖြစ်စဉ်မှာ နမ္မတီး-တနိုင်းသွားကား လမ်း၌ မိုးညှင်းမြို့ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု(၃)မှ ရဲအုပ်ဝင်းနိုင်၊ မိုးကောင်းမြို့မရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ကြပ်ကြီးမြင့်ကိုကိုနှင့် ပူးပေါင်း စစ်ဆေးရေး အဖွဲ့ဝင်များက အများပြည် သူလုံခြုံရေး အရ စစ်ဆေး ဆောင် ရွက်မှုများပြုလုပ်နေစဉ် နမ္မတီးမှတနိုင်းသို့ ဝိုင်းမော်မြို့နေ ဝေါ်ဆာ ၂၆ နှစ်မောင်းနှင်သော ကန်ဒါ အမျိုးအစား ၁၂၅ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ဆိုင်ကယ်တူးဘောက်နှင့်ကာဗာအကြား လျှို့ဝှက် သယ်ဆောင်လာသည့် ပလတ်စတစ်အထုပ်သုံးထုပ်အတွင်းမှ ဘိန်းစိမ်းအလေးချိန် ၂ဒသမ ၅ ကီလိုဂရမ် ကာလ တန် ဖိုးငွေ ကျပ်သိန်း ၅ဝ ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများ လျှို့ဝှက်သယ်ဆောင်လာသူ ဝေါ်ဆာကို မိုးကောင်းမြို့ မရဲစခန်းက မယ(ပ)၆၄/၂ဝ၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေး ယူထား ကြောင်း သတင်းရရှိသည်။

Read 361 times