SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

မသင်္ကာသူ အမျိုးသား တစ်ဦးထံမှ ဆိုင်ကယ်တစ်စီး သိမ်းဆည်းရမိ

Saturday, 23 September 2017 10:10 font size decrease font size decrease font size increase font size increase font size

တာချီလိတ် စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု ပါဝုန်းကျေး ရွာဘုန်းကြီး ကျောင်း အနီး၌ ယမန်နေ့ ညနေ၃ နာရီခွဲက မသင်္ကာသူအမျိုးသားတစ်ဦးထံမှ ဆိုင်ကယ် တစ် စီး သိမ်းဆည်းရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဟောင်လိတ်ရဲကင်းစခန်းမှနယ်ထိန်းရဲအုပ်ချမ်းမြေ့အောင် ဦးစီးအဖွဲ့သည် သက် သေများ နှင့်အတူ နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ဖန်မင်ကျေးရွာအုပ်စု ပါဝုန်းကျေးရွာ ဘုန်းကြီး ကျောင်းဘေးလမ်းမပေါ်၌ ဆိုင်ကယ်မောင်းနှင်လာသူအမျိုးသားတစ်ဦးအား မသင်္ကာ သဖြင့်စစ်ဆေးရာ တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုဝမ်ပုံကျေးရွာနေ စိုင်းခက်(ခ)အိုက်ခေး ၃၂ နှစ် ဆိုသူဖြစ်ပြီး ဆိုင်ကယ်နှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်း မရှိသောကြောင့်သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်းရမိသည်။ဖြစ်စဉ်နှင့် ပတ်သက်၍ စိုင်းခက်(ခ) အိုက်ခေး ကို တာချီလိတ်မြို့မရဲစခန်းက ဥပဒေအရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read 402 times