နေပြည်တော် ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတီ်္ထလာမြို့နယ်၊ ၀န်ဇင်းရပ်ကွက်နေ ဦးသိန်းအောင်(ဘ)ဦးစိုး သည် ဗုံးသီးဟောင်းများတွေ့ရှိ၍ သိမ်းဆည်း ထားကြောင်း ဇူလိုင် ၁၀ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မိတီ်္ထလာမြို့၊ အမှတ်(၂) နယ်မြေရဲစခန်းသို့ လာရောက်သတင်းပေးပို့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ အလျား ၁၃ လက်မ၊ လုံးပတ် ၁၃ လက်မခန့်ရှိ ဗုံးသီးဟောင်းတစ်လုံး၊ အလျား ၁၂ လက်မ၊ လုံးပတ် ၁၁ လက်မခန့်ရှိ ဗုံးသီးဟောင်းနှစ်လုံး၊ အလျား ၁၅ လက်မ၊ လုံးပတ် ၁၂ လက်မခန့်ရှိ ဗုံးသီးဟောင်း တစ်လုံး၊ အလျား ၉ လက်မ၊ လုံးပတ် ၉ လက်မခန့်ရှိ ဗုံးသီးဟောင်းတစ်လုံး၊ အလျား ၁၁ လက်မ၊ လုံးပတ် ၁၀ လက်မခန့်ရှိ ဗုံးသီး ဟောင်းတစ်လုံး စုစုပေါင်းဗုံးသီးဟောင်း ခြောက်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ သည်။
အဆိုပါ ဗုံးသီးဟောင်းများကို နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းသို့ အပ်နှံ၍ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်သွား စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။