SJ WorldNews - шаблон joomla Авто

တနိုင်းမြို့နယ်အတွင်း တရားမ၀င်ပယင်း တူးဖော်သူများ ဖမ်းဆီးရမိ

Friday, 12 July 2019 13:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်  ၁၁

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၀ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မိုင်ခွန်ကျေးရွာ၏အနောက် တောင်ဘက် ၄ မိုင်ခန့်အကွာသို့အရောက်၌ တရားမ၀င် ပယင်းတူးဖော် လုပ်ကိုင်နေသည့် တနိုင်းမြို့နယ်၊ မိုင်ခွန်ကျေးရွာမှ ဦးအေးထွန်း (ဘ) ဦးအောင်ထက်အပါအ၀င် အမျိုးသား ၂၀ ဦး၊ အမျိုးသမီး တစ်ဦး၊ စုစုပေါင်း ၂၁ ဦး အား ပယင်းတူးဖော်ရာတွင် အသုံးပြုသည့် ပစည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တရားမ၀င်ပယင်းတူးဖော်သူများအား တနိုင်းမြို့မရဲစခန်းမှ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။       

Read 46 times Last modified on Friday, 12 July 2019 13:13