SJ WorldNews - шаблон joomla Авто

ယာဉ်မောင်းအိပ်ငိုက်ကာ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိပြီး ယာဉ်တိုက်မှုဖြစ် သုံးဦးဒဏ်ရာရ

Friday, 12 July 2019 13:13 font size decrease font size decrease font size increase font size increase font size

ရေတာရှည်၊ ယာဉ်တိုက်မှု

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရမြို့မြောက်ဘက် ၃ မိုင်ခန့်အကွာ ဆပ်သွားကျေးရွာအနီး ရန်ကုန်- လေး ကားလမ်း၌ ဇူလိုင် ၁၀ ရက်နံနက်ပိုင်းက ယာဉ်မောင်း အိပ်ငိုက်ကာ ရှေ့မျက်နှာချင်း ဆိုင်မှမောင်းနှင်လာသည့် ၂၂ ဘီးယာဉ်အား ၀င်ရောက်တိုက်မိပြီး သုံးဦးဒဏ်ရာရရှိ ကြောင်းသိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သာဂရနယ်မြေရဲစခန်းမှ တာဝန်မှူး ဒုတိယ ရဲအုပ် အောင်ကိုကိုသန့်နှင့်အဖွဲ့က သွားရောက် စစ်ဆေးရာ ဖြစ်စဉ်မှာ ရန်ကုန်-မနလေးကား လမ်းအတိုင်း တောင်မှမြောက်သို့ မောင်ချို ၂၆ နှစ်  အမှတ်(၇)ရပ်ကွက် ကော့ကရိတ် မြို့နေသူမောင်းနှင်ပြီး တစ်ရပ်ကွက်တည်း နေ ဦးသန်းထွန်း ၅၀ နှစ်၊ မောင်ပါ ၃၉ နှစ် တို့လိုက်ပါလာသည့် GN-1M /----- ISUZU ၂၂ ဘီးယာဉ်သည် မိုင်တိုင်အမှတ် (၁၉၂/၁)နှင့်(၁၉၂/၂)  ကြားအရောက်၌ ယာဉ်မောင်းအိပ်ငိုက်ကာ တစ်ဖက်ယာဉ် ကြောသို့ရောက်ရှိပြီး ရှေ့မျက်နှာချင်းဆိုင် ဘက်မှမောင်းနှင်လာသည့်  ကုန်တင်ယာဉ်အား တိုက်မိခြင်းဖြစ်သည်။ ယာဉ်တိုက်မှုကြောင့်   ယာဉ်ပေါ်တွင်  လိုက်ပါလာသော ဦးသန်းထွန်းတွင် ၀ဲဘက် နဖူး ဖူးရောင်၊ ၀ဲလက်ကောက်ဝတ် ကျိုးပြတ် ဒဏ်ရာ(စိုးရိမ်ရ)၊ မောင်ချိုနှင့် မောင်ပါတို့ တွင် မစိုးရိမ်ရ ဒဏ်ရာ များ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း မောင်ချိုအား သာဂရနယ်မြေရဲစခန်းက ယာဉ်(ပ)၁၅/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၇/၃၃၈ အရအမှုဖွင့်ဆောင်ရွက် ထားကြောင်း သိရသည်။          

..............

Read 62 times Last modified on Friday, 12 July 2019 13:14