SJ WorldNews - шаблон joomla Авто

မြစ်ကြီးနားမြို့နယ်၊ မရန်ကထောင်ကျေးရွာအနီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူတစ်ဦးဖမ်းဆီးရမိ

Saturday, 23 September 2017 12:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ ၂၂

ကချင်ပြည်နယ်၊  မြစ်ကြီးနားမြို့နယ်၊ မရန်ကထောင်ကျေးရွာအနီးရှိ မြစ်ကြီးနား-တနိုင်းကားလမ်း၌  တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော  ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးစဉ် နမ္မတီးဘက်မှ ဖားကန့်ဘက်သို့ မောင်ဝေါ်သာ(ဘ)   ဦးဗျာလူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်နှင့် တာယာကြား၌ ဝှက်၍သယ်ဆောင်လာသည့် ဘိန်းစိမ်း အမည်းရောင် ၁ဝဝဝ ဂရမ်ပါ  နှစ်ထုပ်၊ ဆီတိုင်ကီအောက်မှ ဘိန်းစိမ်း  ၁၅ဝဝ  ပါတစ်ထုပ် (စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅ သိန်းခန့်)နှင့်အတူ     ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်နိုင်ရေး မိုးကောင်းမြို့ရှိမူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။       

(၁ဝဝ)

Read 436 times Last modified on Saturday, 23 September 2017 12:56