နေပြည်တော် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့ အနီးရှိ ရေပူစစ်ဆေးရေးဂိတ်တွင် လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ဆေးရေးဂိတ်၏ အနောက်တောင်ဘက် ၃ မိုင်ခွဲခန့်အကွာ ရှိ ကုန်းဆာကျေးရွာအနီး မသင်္ကာဖွယ်မော် တော်ယာဉ်တစ်စီး ရပ်တန့်ထားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာTOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY 2E / ---- ပေါ်၌ တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး ၆၆ တုံးကို ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါမော်တော်ယာဉ်နှင့် ကျောက်စိမ်း တုံးများအား လားရှိုးမြို့နယ်၊ အကောက်ခွန် ဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ ကြောင်း သတင်းရရှိသည်။
(၁ဝဝ)