SJ WorldNews - шаблон joomla Авто

ခရီးသည်တင် မော်တော်ယာဉ်နှင့် လိုက်ပါလာသည့် အမျိုးသမီး တစ်ဦးထံမှ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Sunday, 24 September 2017 07:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၂၃

မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ (၁၆)မိုင် စစ်ဆေးရေးဂိတ်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးစဉ် မူဆယ်-တောင်ကြီး ပြေးဆွဲလျက်ရှိသည့် တောင်ပြာတန်း ခရီးသည်တင်ယာဉ်အား စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရပ်တန့်စစ်ဆေးရာ

ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်ဖြစ်သူ မယွီမေ(ဘ) ဦးလော်ကဆန်းကို ၎င်း၏ ပီနံအိတ်အတွင်းရှိ မွေ့ရာအတွင်း သိုဝှက်သယ်ဆောင်လာသည့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၄၂ဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၁ဝဝ ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူအား အုန်းချောနယ် မြေရဲစခန်း၌ တရား ဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 347 times Last modified on Sunday, 24 September 2017 07:50